Thursday, April 2, 2015

၂၀၁၅ ခုႏွစ္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ား ပ႒မျပန္စာေမးပြဲ က်င္းပ



၂၀၁၅ ခုႏွစ္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ား ပ႒မျပန္စာေမးပြဲ က်င္းပ
အင္းေတာ္၊ ဧၿပီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခရိုင္၊ အင္းေတာ္ၿမိဳ႕နယ္၊ အင္းေတာ္ၿမိဳ႕တြင္ ၂၀၁၅ ခုႏွစ္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ားေျဖဆိုၾကသည့္ ပ႒မျပန္ စားေမးပြဲကို ဧၿပီ ၁ ရက္ေန႔မွ ဧၿပီ ၇ ရက္ေန႔အထိ ေန႔စဥ္ ေန႔ ၁၂ နာရီမွ ညေန ၃ နာရီအထိ ေျဖဆိုလွ်က္ရွိေၾကာင္း သိရသည္။ အဆိုပါ ပ႒မျပန္စားေမးပြဲသို႔ အင္းေတာ္ၿမိဳ႕နယ္တြင္းရွိ ရဟန္း၊ သာမေဏ၊ သီလရွင္ စုစုေပါင္း ၅၉ ပါး ဝင္ေရာက္ေျဖဆိုေၾကာင္း၊ ပ႒မျပန္စားေမးပြဲအား အင္းေတာ္ၿမိဳ႕နယ္မွ ႀကီးၾကပ္ဆရာေတာ္မ်ား၊အင္းေတာ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠ႒ ဦးတင္ျမင့္၊ ၿမိဳ႕နယ္ သာသနာေရးႏွင့္ လူဝင္မႈႀကီးၾကပ္ေရးမွ ဝန္ထမ္းမ်ား၊ အင္းေတာ္ၿမိဳ႕နယ္ အေထာက္အကူျပဳ ဥကၠ႒ ဦးျမတို႔မွ ဦးေဆာင္ကာ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ စာေမးပြဲဝင္ေရာက္ေျဖဆိုလွ်က္ရွိၾကသည့္ ရဟန္း၊ သာမေဏ၊ သီလရွင္မ်ားအား အင္းေတာ္ၿမိဳ႕မွ အလွဴရွင္မ်ားက ဆြမ္းႏွင့္ အခ်ိဳရည္မ်ားကို ေန႕စဥ္ဆက္ကပ္လွဴဒါန္းလွ်က္ရွိေၾကာင္း သိရသည္။

Unicode version
၂၀၁၅ ခုနှစ် ရဟန်း၊ သာမဏေ၊ သီလရှင်များ ပဋ္ဌမပြန်စာမေးပွဲ ကျင်းပ
အင်းတော်၊ ဧပြီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့တွင် ၂၀၁၅ ခုနှစ် ရဟန်း၊ သာမဏေ၊ သီလရှင်များဖြေဆိုကြသည့် ပဋ္ဌမပြန် စားမေးပွဲကို ဧပြီ ၁ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ နေ့စဥ် နေ့ ၁၂ နာရီမှ ညနေ ၃ နာရီအထိ ဖြေဆိုလှျက်ရှိကြောင်း သိရသည်။ အဆိုပါ ပဋ္ဌမပြန်စားမေးပွဲသို့ အင်းတော်မြို့နယ်တွင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၅၉ ပါး ဝင်ရောက်ဖြေဆိုကြောင်း၊ ပဋ္ဌမပြန်စားမေးပွဲအား အင်းတော်မြို့နယ်မှ ကြီးကြပ်ဆရာတော်များ၊အင်းတော်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်၊ မြို့နယ် သာသနာရေးနှင့် လူဝင်မှုကြီးကြပ်ရေးမှ ဝန်ထမ်းများ၊ အင်းတော်မြို့နယ် အထောက်အကူပြု ဥက္ကဋ္ဌ ဦးမြတို့မှ ဦးဆောင်ကာ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စာမေးပွဲဝင်ရောက်ဖြေဆိုလှျက်ရှိကြသည့် ရဟန်း၊ သာမဏေ၊ သီလရှင်များအား အင်းတော်မြို့မှ အလှူရှင်များက ဆွမ်းနှင့် အချိုရည်များကို နေ့စဥ်ဆက်ကပ်လှူဒါန်းလှျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment