Thursday, April 2, 2015

နန့်ကျဲချောင်းကူးတံတား တည်ဆောက်ပြီးစီး ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေ



နန့်ကျဲချောင်းကူးတံတား တည်ဆောက်ပြီးစီး ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေ
မော်လူး၊ ဧပြီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ရွှေလေးတန် ကားလမ်းမကြီးပေါ်ရှိ နန့်ကျဲချောင်းကူးတံတား ဧပြီ ၂ ရက် နံနက် ၉ နာရီ အချိန်ခန့်က တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ဒေသခံများ ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေလျှက်ရှိကြောင်း သိရသည်။
နန့်ကျဲချောင်းကူးတံတားသည် အလျား ပေ ၄၀၊ အကျယ် ၁၅ ပေ၊ အမြင့် ၂၀ ပေရှိသော ကျောက်စီကမ်းကပ်ခုံ သစ်သားခင်း တံတားအမျိုးအစားဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ခဲ့ရာ ဧပြီ ၂ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် လွယ်ကူစွာ သွားလာနိုင်ပြီဖြစ်သည်။
"ဒီတံတားရဲ့ ကနဦး မတည်အလှူရှင် မော်လူး ဦးတင်ရွှေ -ဒေါ်ပြုံး (စိုး၊မျိုး၊ ညီ ရွှေဆိုင်) မိသားစုက ၂၂ သိန်း၊ ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ် ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဘိလပ်မြေအိတ် ၃၀၀ အိတ်ပံ့ပိုးပေးပြီး ဒေသခံများနှင့် ခရီးသွားပြည်သူတွေရဲ့ စုပေါင်းလှူဒါန်းငွေ ၁၀ သိန်းတို့နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၅၀ ခန့်ရှိပါတယ်။ အရင်က ဒီတံတားဟာ ကြံ့ခိုင်မှုအားနည်းတဲ့အတွက် မော်တော်ယာဉ်တွေ သုံးဘီးမော်တော်ဆိုင်ကယ်တွေ မောင်းနှင်သွားလာရတာ အခက်အခဲရှိခဲ့ပေမယ့် အခုအခါမှာတော့ တံတားပြီးစီးသွားပြီဖြစ်တဲ့အတွက် မော်လူးဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်၊ ဗန်းမောက်မြို့နယ်နဲ့ ကချင်ပြည်နယ်အထိ ဆက်သွယ်သွားလာရေး အဆင်ပြေခဲ့ပါပြီ"ဟု ဂွေ့ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ ပြောပြသည်။
ယခုအခါ တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်၍ တံတားအောက်ခြေ ယာယီကွင်းလမ်းနှင့်အတူ နန့်ကျဲချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဘက်ဟိုးယာဉ်ဖြင့် စနစ်တကျပြုပြင်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Unicode version
နန့်ကျဲချောင်းကူးတံတား တည်ဆောက်ပြီးစီး ဆက်သွယ်သွားလာရေး
မော်လူး၊ ဧပြီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ ရွှေလေးတန် ကားလမ်းမကြီးပေါ်ရှိ နန့်ကျဲချောင်းကူးတံတား ဧပြီ ၂ ရက် နံနက် ၉ နာရီ အချိန်ခန့်က တည်ဆောက်ပြီးစီးခဲ့သည့်အတွက် ဒေသခံများ ဆက်သွယ်သွားလာရေး လွယ်ကူအဆင်ပြေလှျက်ရှိကြောင်း သိရသည်။
နန့်ကျဲချောင်းကူးတံတားသည် အလျား ပေ ၄၀၊ အကျယ် ၁၅ ပေ၊ အမြင့် ၂၀ ပေရှိသော ကျောက်စီကမ်းကပ်ခံု သစ်သားခင်း တံတားအမျိုးအစားဖြစ်ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ စတင်ခဲ့ရာ ဧပြီ ၂ ရက်နေ့တွင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့သဖြင့် လွယ်ကူစွာ သွားလာနိုင်ပြီဖြစ်သည်။
"ဒီတံတားရဲ့ ကနဦး မတည်အလှူရှင် မော်လူး ဦးတင်ရွှေ -ဒေါ်ပြံုး (စိုး၊မျိုး၊ ညီ ရွှေဆိုင်) မိသားစုက ၂၂ သိန်း၊ ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ် ၂.၁၁.၂၀၁၄ ရက်နေ့က မွေးမြူရေးနှင့် ရေလုပ်ငန်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဘိလပ်မြေအိတ် ၃၀၀ အိတ်ပံ့ပိုးပေးပြီး ဒေသခံများနှင့် ခရီးသွားပြည်သူတွေရဲ့ စုပေါင်းလှူဒါန်းငွေ ၁၀ သိန်းတို့နဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး ခန့်မှန်းကုန်ကျငွေကျပ် သိန်း ၅၀ ခန့်ရှိပါတယ်။ အရင်က ဒီတံတားဟာ ကြံ့ခိုင်မှုအားနည်းတဲ့အတွက် မော်တော်ယာဥ်တွေ သံုးဘီးမော်တော်ဆိုင်ကယ်တွေ မောင်းနှင်သွားလာရတာ အခက်အခဲရှိခဲ့ပေမယ့် အခုအခါမှာတော့ တံတားပြီးစီးသွားပြီဖြစ်တဲ့အတွက် မော်လူးဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ ကျော်၊ ဗန်းမောက်မြို့နယ်နဲ့ ကချင်ပြည်နယ်အထိ ဆက်သွယ်သွားလာရေး အဆင်ပြေခဲ့ပါပြီ"ဟု ဂွေ့ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးမှ ပြောပြသည်။
ယခုအခါ တံတားတည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးသွားပြီဖြစ်၍ တံတားအောက်ခြေ ယာယီကွင်းလမ်းနှင့်အတူ နန့်ကျဲချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဘက်ဟိုးယာဥ်ဖြင့် စနစ်တကျပြုပြင်ဆောင်ရွက်လှျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment