Thursday, April 2, 2015

အင္းေတာ္ၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေက်ာက္စီေရေျမာင္းျပဳလုပ္ၿပီးစီး


အင္းေတာ္ၿမိဳ႕၊ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေက်ာက္စီေရေျမာင္းျပဳလုပ္ၿပီးစီး
အင္းေတာ္၊ ဧၿပီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ္ကိုင္းတိုင္းေဒသႀကီး၊ အင္းေတာ္ၿမိဳ႕နယ္၊ အင္းေတာ္ၿမိဳ႕ ေအာင္ခ်မ္းသာရပ္ကြက္တြင္ ေက်ာက္စီေရေျမာင္းျပဳလုပ္ျခင္းကို ၂၀၁၅ ခုႏွစ္ ဇန္နဝါရီ ၅ရက္ေန႔တြင္ စတင္ေဆာင္ရြက္ခဲ့ၿပီး မတ္လ ၃၀ ရက္ေန႔တြင္ လုပ္ငန္းၿပီးစီးခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေက်ာက္စီေရေျမာင္း ျပဳလုပ္ျခင္းကို အင္းေတာ္ၿမိဳ႕နယ္၊ စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၄/၁၅ ဘ႑ာေရးႏွစ္တြင္ တိုင္းေဒသႀကီး အစိုးရအဖြဲ႕မွ ေထာက္ပံ့ေပးသည့္ ဘိလပ္ေျမ ၃၀၀ အိတ္၊ အင္းေတာ္ၿမိဳ႕နယ္ ဖြံ႕ၿဖိဳးတိုးတက္ေရး အေထာက္အကူျပဳေကာ္မတီမွ ေက်ာက္သဲထည့္ဝင္ၿပီး ၿမိဳ႕နယ္ စည္ပင္သာယာေရး ေကာ္မတီမွ လုပ္အားခ ထည့္ဝင္မႈတို႔ျဖင့္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ေဆာင္ရြက္ခဲ့သည့္ ေက်ာက္စီေရေျမာင္းမွာ အလ်ား ၅၀၀ ေပ၊ အက်ယ္ ၃ ေပ၊ အနက္ ၃ ေပ ျဖစ္ေသာ္လည္း အလ်ား ၆၅၀ ေပ၊ အက်ယ္ ၃ ေပ၊ အနက္ ၃ အတိုင္းအတာအထိ ေဆာင္ရြက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
ယင္းေက်ာက္စီေရေျမာင္းေဆာင္ရြက္ရာသို႔ အင္းေတာ္ၿမိဳ႕နယ္၊ စီမံခန္႔ခြဲမႈ ေကာ္မတီ ဥကၠ႒ ဦးတင္ျမင့္ႏွင့္ ဝန္ထမ္းမ်ား၊ အင္းေတာ္ၿမိဳ႕ အေထာက္အကူျပဳေကာ္မတီ ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ား၊ ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရွိ ဦးေအးမင္းထြန္းတို႔ အနီးကပ္ႀကီးၾကပ္ကာ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Unicode version
အင်းတော်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် ကျောက်စီရေမြောင်းပြုလုပ်ပြီးစီး
အင်းတော်၊ ဧပြီ ၂
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက်တွင် ကျောက်စီရေမြောင်းပြုလုပ်ခြင်းကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့တွင် လုပ်ငန်းပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောက်စီရေမြောင်း ပြုလုပ်ခြင်းကို အင်းတော်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ၂၀၁၄/၁၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့် ဘိလပ်မြေ ၃၀၀ အိတ်၊ အင်းတော်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီမှ ကျောက်သဲထည့်ဝင်ပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ လုပ်အားခ ထည့်ဝင်မှုတို့ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဆောင်ရွက်ခဲ့သည့် ကျောက်စီရေမြောင်းမှာ အလျား ၅၀၀ ပေ၊ အကျယ် ၃ ပေ၊ အနက် ၃ ပေ ဖြစ်သော်လည်း အလျား ၆၅၀ ပေ၊ အကျယ် ၃ ပေ၊ အနက် ၃ အတိုင်းအတာအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ယင်းကျောက်စီရေမြောင်းဆောင်ရွက်ရာသို့ အင်းတော်မြို့နယ်၊ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ဝန်ထမ်းများ၊ အင်းတော်မြို့ အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးအေးမင်းထွန်းတို့ အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

No comments:

Post a Comment