Sunday, December 7, 2014

စဥ့်ခိုးကျေးရွာတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေးဟောပြော









စဉ့်ခိုးကျေးရွာတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြော
မော်လူး၊ ဒီဇင်ဘာ ၈
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
စဥ့်ခိုးကျေးရွာတွင် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေး
အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာ ၆ ရက် ညနေ ၄ နာရီက စဉ့်ခိုးကျေးရွာ
အခြေခံပညာ မူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အင်းတော်မြို့နယ်၊ စီမံခန့်ခွဲမှုကော်မတီ
ဥက္ကဋ္ဌ ဦးတင်မြင့်၊ အင်းတော်မြို့ အထောက်အကူပြုကော်မတီဝင် ဦးချစ်ရွှေ၊
မော်လူးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ မော်လူးနယ်မြေ
ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ် အေးမင်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊
အင်းတော်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဋ္ဌာန ဦးစီးအရာ
ဦးမျိုးမင်းစိုး၊ အင်းတော်မြို့ အထွေထွေ အုပ်ချုပ်ရေး ဒုတိယ ဦးစီးမှူး
ဦးကျော်စွာဝင်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊
အင်းတော်မြို့ ပြည်သူ့ဆောက်လုပ်ရေး တာဝန်ခံ အင်ဂျင်နီယာ AE ဦးဆန်းလင်း၊
ဒေသခံ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/သူများ၊
ကျေးရွာသူ/သားများ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
မူးယစ်ဆေး အန္တရာယ် တားဆီးကာကွယ် နှိမ်နင်းရေး အသိပညာပေးဟောပြောခြင်းကို
အင်းတော်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်မှ
ဒေသခံပြည်သူများ နားလည်သိရှိစေရန် ပရိုဂျက်တာဖြင့် ရှင်းလင်း
ပြောကြားပြီး ဒေသခံများမှ သိလိုသည်များ မေးမြန်းသည်ကို ပြန်လညဖြေကြားပြီး
ညနေ ၆ နာရီတွင် အသိပညာပေးဟောပြောပွဲ ပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment