Sunday, December 7, 2014

ဂျာမနီနိုင်ငံသား ခရီးသွားနှစ်ဦး မော်လူးသို့ လာရောက်

ဂျာမနီနိုင်ငံသား ခရီးသွားနှစ်ဦး မော်လူးသို့ လာရောက်
မော်လူး၊ ဒီဇင်ဘာ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးသို့ ဂျာမနီနိုင်ငံသား
ခရီးသွားနှစ်ဦး ဒီဇင်ဘာ ၇ ရက် ညနေ သုံးနာရီက ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဂျာမနီနိုင်ငံသား ခရီးသွားနှစ်ဦးသည် ကချင်ပြည်နယ်
မြစ်ကြီးနားမြို့ဘက်မှ နိုင်ငံခြား ခရီးသွားပို့ဆောင်ရေး ကုမ္ပဏီမှ
မော်တော်ကားဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး မော်လူးမီးရထားဘူတာတွင်
ချိတ်ဆွဲထားသည့် မီးရထားအဝင်အထွက် အချိန်စာရင်းများအား မှတ်တမ်းတင်
ဓာတ်ပုံရိုက်ယူခြင်း၊ မီးရထားစီးနင်းရန်စောင့်ဆိုင်းနေကြသည့်
ခရီးသည်များနှင့် မိတ်ဆက်စကားများ ပြောခြင်း၊ မီးရထားတွဲများနှင့်
အလုပ်သမားများ ကွန်ကရစ်ဇလီဖားတုံးများ
သယ်ချနေခြင်းများအားမှတ်တမ်းဓာတ်ပုံရိုက်ယူခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ဂျာမနီနိုင်ငံသား ခရီးသွားနှစ်ဦးသည် မြန်မာ့မီးရထားဖြင့်
ခရီးသွားလာရသည်ကို စိတ်ဝင်စားကြောင်း စကာုးပန်အဖြစ်လိုက်ပါလာသူမှ
ပြောကြားခဲ့ပြီး ၄င်းတို့သည် ဆက်လက်၍ ကသာမြို့သို့ မော်တော်ကားဖြင့်
ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်



No comments:

Post a Comment