Sunday, December 7, 2014

အမှတ် (၂) စစ်ဗျူဟာနယ်လှည့် ဆေးကုသရေးအဖွဲ့ ကျန်းမာရေးစောင့်ရှောက်မှု
ကွင်းဆင်းဆောင်ရွက်
မော်လူး၊ ဒီဇင်ဘာ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊
မံဟဲကျေးရွာအုပ်စုတွင် ဒီဇင်ဘာ ၇ ရက်နေ့က အမှတ်(၂) စစ်ဗျူဟာ နယ်လှည့်
ဆေးကုသရေးအဖွဲ့သည် ဒေသခံများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု
ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့် ဆေးကုသရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊
အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအုပ်စု၊ မြေပလ္လင်ကျေးရွာ၊
ဘုန်းတော်ကြီးကျောင်းတွင် အနောက်တောင်တိုင်း စစ်ဋ္ဌာနချုပ် အမှတ်(၂)
စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဦး၏ စီမံမှုဖြင့် အနောက်တောင်တိုင်း
စစ်ဋ္ဌာနချုပ် အမှတ်(၂) စစ်ဗျူဟာနယ်လှည့် ဆေးကုသရေးအဖွဲ့ သည် ဒီဇင်ဘာ ၇ ရက်
နံနက် ၉ နာရီတွင် ဒေသခံရွာသူ/သားများအား အခမဲ့
ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း၊ နယ်လှည့်
ဆေးကုသရေးအဖွဲ့အား မြေပလ္လင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ ဒေသအရံ
မီးသတ်တပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီပေးခဲ့ကြကြောင်း သိရသည်၊ ဒီဇင်ဘာ ၆
ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြိုင်သာယာကျေးရွာ
ဘုန်းတော်ကြီးကျောင်းတွင်လည်း ဒေသခံကျေးရွာသူ/သား လူနာ ၂၀၀ ဦးခန့်အား
အခမဲ့ ဆေးဝါးကုသမှု ပြုလုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်







No comments:

Post a Comment