Sunday, December 7, 2014

ရွှဘို - မြစ်ကြီးနား မော်တော်ကားလမ်းပေါ်ရှိ လမ်းတံတားများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းပေါ်ရှိ လမ်းတံတားများအား
မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး
မော်လူး၊ ဒီဇင်ဘာ ၇
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ ရွှေဘို - မြစ်ကြီးနား
မော်တော်ကားလမ်း အင်းတော် - မော်လူးလမ်းပိုင်းရှိ လမ်း တံတားများအား
အင်းတော်မြို့နယ်၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်
ဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာ ၇ ရက် နေ့လည် ၂ နာရီခန့်က
ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် အင်းတော်မြို့ ပြည်သူ့ဆောက်လုပ်ရေး
တာဝန်ခံ အင်ဂျင်နီယာ AE ဦးဆန်းလင်း၊ အထောက်အကူပြု အဖွဲ့ဝင် ဦးချစ်ဆွေ၊
ကျေးလက်ဒေသဖွံဖြိုးရေး ဦးစီးဋ္ဌာန ဦးစီးအရာရှိ ဦးမျိုးမင်းစိုး၊
ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ အင်းတော်မြို့နယ်
အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးကျော်စွာဝင်း၊ မော်လူးကျေးရွာ
အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းစိန်၊ စီးမော်ကျေးရွာ အုပ်စု
အုပ်ချုပ်ရေးမှူး ဦးသိန်းတန်တို့နှင့်အတူ အဖွဲ့ဝင်များလိုက်ပါကာ
စစ်ဆေးကြည့်ရှုကြရာ ရွှေဘို - မြစ်ကြီးနား မော်တော်ကားလမ်းမပေါ်ရှိ
စီးမော်ကျေးရွာ အုပ်စုနှင့် မော်လူးကျေးရွာအုပ်စုအား ဆက်သွယ်ပေးထားသည့်
အရှည် ၉၀ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၁၈ ပေခန့်ရှိသော
စီးမော်ချောင်းကူးတံတား (တံတားအမှတ် ၁၀/၁၆၂)သည်
နေ့စဉ်ဖြတ်သန်းသွားလာနေကြသည့် မော်တော်ယာဉ်များ၊ ဒေသခံကျောင်းသား/သူများ၊
ပြည်သူများအတွက် အန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိရသဖြင့်
စီးမော်ချောင်းတံတားအား အမြန်ဆုံး ဆောက်လုပ်ပြီးစီးနိုင်ရန်အတွက်
စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ တာဝန်ရှိသူများအား ဆွေးနွေး
မှာကြားခဲ့ကြောင်း သိရသည်

No comments:

Post a Comment