Wednesday, February 11, 2015

လေဘိုကျေးရွာ အမကတွင် သောက်သုံးရေတွင်း တူးဖော်




လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေတွင်းတူးဖော်
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် သောက်သုံးရေတွင်းတူးဖော်ခြင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ သောက်သုံးရေတွင်း တူးဖော်ရာသို့ အင်းတော်မြို့နယ် စီမံခန့်ခွဲကော်မတီ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ကသာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာန ဦးစီးမှူး ဦးသောင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် ကျေးလက်ဦးစီးမှူး ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ အင်းတော်မြို့နယ် အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့ဝင်များ၊ဒုတိယမြို့နယ် ပညာရေးမှူး ဦးသိန်းဆွေဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးညွှန့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသွားရောက်ကြည့်ရှု့ရာ လေဘိုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ ကျေးရွာသူ/သားများက လိုက်လံရှင်းလင်းပြသခဲ့သည်။ မူလတန်းကျောင်းဝင်းအတွင်း သောက်သုံးရေတွင်း တူဖော်နိုင်ရန်အတွက် အင်းတော်မြို့နယ် အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်လှိုင်နှင့် အဖွဲ့သည် အင်းတော်မြို့၊ မြို့မိမြို့ဖ ရံပုံငွေမှ ကျပ်ငွေသုံးသိန်းကို ထောက်ပံ့ပေးထားခြင်း ဖြစ်ပြီး သောက်သုံးရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ဇန်နဝါရီလကုန်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment