Wednesday, February 11, 2015

လေဘိုကျေးရွာ လူငယ်စွမ်းဆောင်ရည်မြင့်သင်တန်းကျင်းပ



မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာတွင် ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပို့ချ
မော်လူး၊ ဖေဖော်ဝါရီ ၁၁
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးဒေသ၊ နမီးကျေးရွာအုပ်စု၊ ကွင်းငို့ကျေးရွာတွင် အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပသည့် လူငယ်စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့လည် ၂ နာရီက ကွင်းငို့ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။အဆိုပါ လူငယ်စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းသို့ အင်းတော်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ဦးမျိုးမင်းစိုး၊ ဒုဦးစီးမှူး ဒေါ်ကေသီမိုး၊ အကြီးတန်းစာရေး ဒေါ်မြတ်စုကြည်၊ အငယ်တန်းစာရေး ဦးအောင်မျိုးထက်နှင့် သင်တန်းသား ၂၇ ဦးတက်ရောက်ခဲ့ကြောင်း၊ သင်တန်းတွင် သင်တန်းသားများအား ကျေးလက်လူငယ် စွမ်းဆောင်ရည်မြင့်မားရေးအတွက် လိုအပ်ချက်များကို တာဝန်ရှိသူများမှ အသီးသီးရှင်းလင်းပြောကြား ပို့ချခဲ့ကြောင်း၊ အင်းတော်မြို့နယ်အတွင်းတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနမှ ကြီးမှူးပြီး ကျေးလက်လူငယ် စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို ကွင်းငို့ကျေးရွာအပါအဝင် ကျေးရွာ ၄ ရွာတွင် ဟောပြောပို့ချမှုများ ပြုလုပ်ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment